Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, January 12, 2015

ယနေ့မြင်ကွင်း



နွေးထွေးတဲ့မေတ္တာတရားများ အေးခဲနေတဲ့ မိသားစုတွေများလာပြီ.....
ပျော့ပျောင်းနူးညံ့တဲ့ဆက်ဆံရေးတွေ တောင့်တင်းနေတဲ့
မွေးချင်းတွေဖြစ်လာပြီ.....
ဖေါ်ရွေပျူငှာတဲ့ယဉ်ကျေးမှုတွေထဲ မာယာတွေရောထွေးနေတဲ့ လူမှုဝန်းကျင်ဖြစ်လာပြီ....
ရိုသေလေးစားမှုတွေ အားနဲလျော့ပါးနေတဲ့ ဆရာတပည့်တွေဖြစ်လာပြီ.....
အကြင်နာအေးရေစက်တွေ ပွက်ပွက်ဆူပြီးခန်းနေတဲ့ ဇနီးမောင်နှံတွေများလာပြီ....
ယုံကြည်မှုအဆောက်အဦကြီး ဖေါက်ခွဲဖျက်ဆီးခံထားရတဲ့ ပြည်သူနဲ့အစိုးရဖြစ်လာပြီ....
ဝေဒနာဒဏ်ရာများစွာနဲ့ အကာကွယ်မဲ့တဲ့ကျောမွဲတွေမှာ အားကိုးရာမရှိတဲ့ ဘဝမဲ့တွေဖြစ်လာပြီ....
လွဲမှားတဲ့အမြင်လှိုင်းတွေ တဒိုင်းဒိုင်းရိုက်ခတ်နေတဲ့ ဆတ်ဆတ်ထိမခံ
ဘာသာတရားတွေဖြစ်လာပြီ.....
လူ့အခွင့်ရေးဆိုတဲ့ဝေါဟာရနဲ့ ညီမျှခြင်းဆွဲခံထားရတဲ့ တန်ဖိုးရှိနဲ့တန်ဖိုးမဲ့တွေ ရောသမမွှေခံနေရပြီ.....
မီဒီယာရေစီးကြောင်းကို မောင်းနိုင်တဲ့ငွေရှင်က သူတော်စင်ဖြစ်လာပြီ.....
မြတ်ဗုဒ္ဓရဲ့သစ္စာဓမ္မတွေဟာ ကိုယ်လိုရာခပ်နှိပ်တဲ့ အမှတ်တံဆိပ်ဖြစ်လာပြီ....
ဘယ်တော့မှမပြောင်းလဲဘဲ အမြဲမှန်တဲ့ပရမတ္ထတရားတွေဟာ အတ္တအမှားတွေဖြစ်လာပြီ.....
အတုတွေဈေးကွက်ဝင် အစစ်ဈေးကွက်ပျောက် အမြင်မှောက်မှားသူတွေများလာပြီ.....
မာယာရှင်သခင်ဖြစ်လို့ ဖြူစင်သူနွံနစ်တဲ့ခေတ် ဖြစ်လာပြီ......
ဆင်ခြင်ဥာဏ်ကိုကျောခိုင်း လူတိုင်းရဲ့ဆန္ဒသာ အမှန်တရားလို့လက်ခံလာကြပြီ.....
ဒီလူသားနဲ့ဒီကမ္ဘာ ရှည်ကြာစွာအေးချမ်းရေး ဓမ္မဆေးတွေလိုနေပြီ.....။

*~*~*~*~*~*~*~*


0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***