Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, August 4, 2014

What does religion teach us? ဘာသာတရားက ကျွနုပ်တို့ကို ဘာတွေသင်ကြားပေးပါသလဲ ( ၂ )

Religion always advises people not to practice any form of discrimination among members of the human society; but some religionists have acted quite contrary to this fundamental teaching and so divided human society in the name of religion. This is indeed a very sad thing.

ဘာသာတရားက လူမှုအဖွဲ့အစည်း၏အဖွဲ့ဝင်များအကြားမှာ မည်သည့်ခွဲခြားဆက်ဆံမှုမျိုးကိုမျှ မပြုကျင့်ရန် အစဉ်အမြဲသင်ကြားထားပါတယ်။ ဒါပေမယ့် အချို့ သော ဘာသာဝင်တွေဟာ ဤပဓာနအခြေခံကျတဲ့ သင်ကြားချက်ကို တော်တော်ကိုဆန့်ကျင်ပြီးကြပါပြီ။ ဘာသာတရားရဲ့ နာမည်ပညတ်ကိုခေါင်းစဉ်တပ်ပြီး လူ့အဖွဲ့ အစည်းကို လုံးဝခွဲခြမ်းပစ်ခဲ့ကြတယ်။ အမှန်တကယ်တော့ ဒီလုပ်ရပ်တွေဟာ အလွန်ဝမ်းနဲဘွယ်ရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ 

ဟုတ်တယ်။ ယနေ့ ကမ္ဘာပေါ်မှာ လူ့အဖွဲ့အစည်းအချင်းချင်း ကွဲပြားကြပြီးတော့ မဆုံးနိုင်တဲ့ပြဿနာများ ကြုံတွေ့နေရခြင်းတွေထဲမှာ ဒီဘာသာတရားခွဲခြားမှုပြဿနာဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒါတွေဟာ သမိုင်းမှာလဲ နေရာအနှံ့ရှိခဲ့ ဖြစ်ပျက်ခဲ့သလို ယနေ့ထိလဲပဲ ရှိနေဆဲ ဖြစ်ပွါးနေဆဲပါပဲ။ လူသားဟာ ကိုယ့်ကိုယ်ကို မထိန်းချုပ် မစောင့်စည်း နားမလည်နိုင်သ၍တော့ သူတပါးကို ယိုးမယ်ဖွဲ့ အပြစ်ပုံချရင်း ရှုပ်ထွေးလှတဲ့ပြဿနာဝဲသြဃထဲမှာ မြုတ်တစ်ခါ ပေါ်တစ်လှည့်နဲ့ ဆင်းရဲစွာ ကျင်လည်နေရအုံးမှာပါ။ အချို့  ဘာသာတရားတွေဆိုရင် ဘာသာဝင်ချင်းတူပါလျှက်နဲ့ လူတန်းစားခွဲခြားတဲ့ စနစ်ဆိုးကြောင့် မမျှတတဲ့ ခါးသီးရင်နင့်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေကို ဒီနေ့ထိတိုင် အထင်အရှားတွေ့မြင်နေရဆဲပါပဲ။ 

It is only through religion that man can mould his life and destiny to adjust himself and not through any other means. 

" လူသားသည် သူ၏ဘဝကို ပုံစံတကျဖြစ်ဘို့နှင့် သူ၏ကံကြမ္မာကို သူကိုယ်တိုင်အချိုးစားတကျ သဟဇာတဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်သည် " ဆိုသောအချက်မှာ ဘာသာတရားရဲ့သင်ကြားချက်ကြောင့်သာလျှင်ဖြစ်ပါတယ်။ အခြားမည်သည့် နည်းလမ်းကြောင့်မျှမဖြစ်နိုင်ပါဘူး။ 


ဟုတ်တယ်။ စစ်မှန်တဲ့ဘာသာတရားဟာ လူသားတိုင်းရဲ့ဘဝတွေကို သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်မှအစ ဝန်းကျင်နယ်ပယ်အားလုံးနဲ့ ဆီလျော်မှုရှိအောင် သင်ကြားပေးတယ်။ ဒါ့အပြင် လူသားဟာ သူ့ရဲ့အစွမ်းအစနဲ့အရည်အချင်းကိုလဲ အာဏာရှင် တန်ခိုးရှင်တစ်ဦးတည်းရဲ့ ချုပ်ကိုင်မှုအောက်မှာ ငုပ်လျှိုးတိုးဝင်နေစရာမလိုဘဲ ဘုရားဖြစ်တဲ့အထိ လွပ်လပ်စွာ ထိုးဖောက်ခွင့် စွမ်းဆောင်ခွင့် ဖြစ်နိုင်ခွင့်တွေကို ဖွင့်ချပေးတယ်။ သင်ပြပေးတယ်။ ဒီလို လူသားရဲ့ပင်ကိုယ်သဘာဝစွမ်းပကားကို သဘာဝကျစွာ ဖွင့်ထုတ်သင်ကြားပေးရဲတဲ့ ဘာသာတရားသာလျှင် အနာဂတ်ကမ္ဘာမှာလွှမ်းမိုးခွင့်ရပါလိမ့်မယ်။

  Religion teaches us how to conquer ourselves without depending on others. If everyman could learn to do this through his own power and intelligence then what wonderful world this would be to live in peacefully and happily. Man should not blame religion for his own failure. 

ဘာသာတရားဟာ အခြားသူများကို မှီခိုအားထားမှုမပြုဘဲ မိမိကိုယ်တိုင် အခက်အခဲများကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို သင်ကြားပေးတယ်။ အကယ်၍ လူသားတိုင်းဟာ ကိုယ်ပိုင်စွမ်းအား ကိုယ်ပိုင်အသိဥာဏ်များနဲ့ အောင်မြင်မှုနည်းလမ်းများကို တတ်သိနားလည်နိုင်ကြမယ်ဆိုရင် အံ့သြကျေနပ်စရာကောင်းတဲ့ ဒီကမ္ဘာကြီးထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ကြပါလိမ့်မယ်။ လူသားဟာ မိမိကိုယ်တိုင်ရဲ့ဆုံးရှုံးမှုအတွက် ဘာသာတရားကို အပြစ်မတင်သင့်ပါဘူး။

ဟုတ်တယ်။ တွေ့ကြုံလာရတဲ့ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ဖြစ်ရပ်တိုင်းကို ဘယ်လိုတန်ခိုးရှင်ရဲ့ အလိုဆန္ဒကိုမျှလိုက်လျောရတာမဟုတ်ဘဲ( တန်ခိုးရှင်အလိုတော်ကျမဟုတ်ဘဲ ) လူသားဟာ ကိုယ်တိုင်တာဝန်ယူရဲရမယ်။ တာဝန်ခံရဲရမယ်။ အဲဒီတာဝန်နှစ်မျိုးပါတဲ့စိတ်နဲ့ ကျော်လွှားနိုင်ရမယ်။ အဲဒီလို မိမိကိုယ်တိုင် တာဝန်လဲယူရဲ တာဝန်လဲခံရဲတဲ့ သတ္တိမျိုးကို မွေးမြုပြုစုနိုင်တဲ့ ဘာသာတရားသည်သာ ဖွံ့ဖြိုးတိုးတက် အေးချမ်းလိုသော ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဖြစ်ရပ်တိုင်းမှာ တန်းခိုးရှင်တစ်ဦးဦးရဲ့အလိုတော်ကျဖြစ်ရတာပဲဆိုတဲ့ ( ကိုယ်တိုင်တာဝန်ယူရဲ တာဝန်ခံရဲတဲ့ သတ္တိကင်းတဲ့ ) အယူဝါဒကို ဥာဏ်ပညာမျက်စိမှိတ်ပြီးယုံကြမယ်ဆိုလျှင် လူသားဟာအကျဉ်းသားတစ်ဦးအဆင့်ထက်မပိုနိုင်တော့ပါဘူး။ 

Religion teaches us not to become slaves even to our own senses; instead it teaches to calm them down in order to find the way to real happiness. 

ဘာသာတရားဟာ ကျွန်တော်တို့ကိုယ်ပိုင်စိတ်အာရုံတွေရဲ့ အထံမှာတောင် ကျေးကျွန်မဖြစ်ဘို့ရန် သင်ကြားပေးပါတယ်။ မည်သူတစ်ဦးတစ်ယောက်ထံမျှ ကျေးကျွန်မဖြစ်စေဘဲ စစ်မှန်သောပျော်ရွှင်မှုသို့သွားရာ လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်ရန် စိတ်တည်ငြိမ်ရင့်ကျက်အေးမြစေရေးကို သင်ကြားပေးပါတယ်။ 

ဟုတ်တယ်။ လူသားဟာ သူကိုယ်တိုင်သာ သူ့ဘဝရဲ့သခင်ပါပဲ။ ဘာသာတရားက သခင်စိတ်နဲ့ အထက်တန်းရောက်အောင် သူကိုယ်တိုင်ကြိုးစားဘို့သင်ကြားပေးတာပါပဲ။ ကိုယ်ကိုယ်တိုင် သခင်စိတ်နဲ့မကြိုးစားဘဲ မရှိတဲ့တန်ခိုးရှင်အထံမှာ ရေသာခိုအချောင်စိတ်နဲ့ ဆုတောင်းနေမယ်ဆိုရင် သူဟာ ကျေးကျွန်ဘဝက လွတ်မြောက်သူမဟုတ်သေးပါဘူး။ အဲဒီလို ကျေးကျွန်အယူအဆကိုစွဲမြဲစွာယုံကြည်ကျင့်သုံးနေမယ်ဆိုရင်လဲ လူသားရဲ့မူလဂုဏ်သိက္ခာနဲ့တန်ဘိုးဆိုတာလဲ မရှိနိုင်တော့ပါဘူး။ အကြောင်းက လူသားဟာ သူ့ဘဝကို သူကိုယ်တိုင်ပြဋ္ဌာန်းပိုင်ခွင့်မရှိဘဲ တန်ခိုးရှင်ကသာ ပြဋ္ဌာန်းဖန်တီးခွင့်ကို တဖက်သတ်ထာဝရ ရယူထားခြင်းကြောင့်ပါပဲ၊ 

Religion again teaches us ( without blaming anybody else ) to try to understand our own weakness and to shoulder the responsibility of life by fulfilling our duties and obligations to ourselves as well as to others. 

ဘာသာတရားဟာ ( အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှအပြစ်မတင်ဘဲ ) ကျွန်တော်တို့ကိုယ်တိုင်ရဲ့အားနဲချက်ကို သိရှိနားလည်အောင်ကြိုးစားဖို့ တဖန်ထပ်လို့ သင်ကြားပေးပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကိုယ်တိုင်နဲ့သူတပါးအတွက် တာဝန်နဲ့ဝတ္တရားတွေကို ဖြည့်ဆည်းခြင်းဖြင့် ဘဝရဲ့တာဝန်ကိုထမ်းဆောင်ဖို့ကိုလည်း လမ်းညွှန်ပေးပါတယ်။ 

ဟုတ်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အားနဲချက်ကိုသိမြင်ခြင်းဟာ တန်ုဘိုးမဖြတ်နိုင်တဲ့ဧရာမအမြတ်အစွန်းကြီးပဲဖြစ်ပါတယ်။ အရာရာနဲ့ နယ်ပယ်တိုင်းမှာ အားနဲချက်ကိုသိရမှ အားသာချက်ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ကမ္ဘာမှာဖြစ်နေကြတဲ့ ပြဿနာရပ်တိုင်းရဲ့ဇာစ်မြစ်ကိုတူးဆွကြည့်ရင် လူသားကိုယ်စီဟာ ကိုယ်စီအားနဲချက်ကို အမှန်အတိုင်း အရှိအတိုင်းနားမလည်ခြင်းကြောင့်ပဲဆိုတာ စေ့စေ့စဉ်းစားလေ ထင်ရှားလေပါပဲ။ ( ဆက်ရန် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***