Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, November 7, 2014

သည်းခံတယ်ဆိုတာ




သည်းခံတယ်ဆိုတာ တဖက်သားကိုသည်းခံတာမဟုတ်ဘူး။ တိုက်ရိုက်အားဖြင့် မိမိရဲ့ လောဘ ဒေါသ မောဟ မာနတွေကို ကျေနပ်စွာဖြေလျှော့တာဖြစ်တယ်။ အောင့်အောင့်အီးအီးနဲ့ အားမတန်မာန်လျှော့တာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ တဖက်သားကိုတော့သွယ်ဝိုက်သောအားဖြင့် သည်းခံရတာဖြစ်တယ်။ ဒီ လော ဒေါ မော စတဲ့ ကိလေသာတွေကို ဖြေလျှော့နိုင်ရင် သည်းခံနိုင်ရင် အောင်မြင်အေးချမ်းသူဖြစ်နိုင်တယ်။ သည်းခံနိုင်တဲ့ အတိုင်းအတာအလျောက် အောင်မြင်အေးချမ်းမှု ပမာဏလဲ ကွာခြားတယ်။

*~*~*~*~*~*~*~*



Thursday, November 6, 2014

သတင်းအမှောင်


                                                                                   

သတင်းအမှောင်ချခြင်းသည် လူသား၏အသိဥာဏ်ကို 
တားဆီးခြင်းဖြစ်သည်။ ဗဟုသုတကို ကန့်ကွက်ခြင်းဖြစ်သည်။ 
ပညာအညွန့်ကို ချိုးခြင်းဖြစ်သည်။ အနာဂတ်ကို ပိတ်ပင်ခြင်းဖြစ်သည်။


*~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***