Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, January 5, 2015

သတိနဲ့ပညာသည်သာ



ပညာရေး၊တရားဥပဒေစိုးမိုးရေး စီးပွါးရေးနဲ့ နိုင်ငံရေးစတဲ့အရေးကြီးတဲ့
လူမှုအဖွဲ့ အစည်းတည်ဆောက်မှုစနစ်တွေ မခိုင်မာ မတည်ငြိမ်သေးတဲ့ 
အဖွဲ့ အစည်းနဲ့နိုင်ငံတွေမှာ “မြေနိမ့်ရာ လှံစိုက်” ကြတဲ့ကြီးနိုင်ငယ်ညှင်းလုပ်သူတွေ၊
 ပြဿနာမီးပွါးလေးကို ပြဿနာမီးတောက်ကြီးဖြစ်လာအောင်
 “မြွေပူရာ ကင်းမှောက်” လုပ်ကြသူတွေ၊ အရာရာဝယ်အင်အားချည့်နဲ့ကာ နောက်ကျကျန်နေခဲ့သောတိုင်းပြည်ကို 
ဂိုးသွင်းဟန်အပေးအယူကစားပြ၍ မသိလွဲမှားစွာကိုယ့်ဂိုးကိုယ်ပြန်သွင်းနေကာ
 Own Goal သူရဲကောင်းတွေအဖြစ်ဂုဏ်ယူဝင့်ကြွားနေသူတွေ 
ရှိတတ်ကြတာဟာ နိုင်ငံတိုင်းဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါ။
 အကောင်းဆုံးနည်းလမ်းကတော့
 မြတ်ဗုဒ္ဓဟောတော်မူခဲ့တဲ့ သတိနဲ့ပညာကိုလူမှုနယ်ပယ်မှာ 
လက်တွေ့ကျကျအသုံးချပြီးကျော်လွှားကြဖို့သာ လက်တွေ့အကျဆုံးနဲ့ပဓာနအကျဆုံးပါ။

*~*~*~*~*~*~*~*

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***