Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, January 6, 2015

ထောင်ချောက်ထဲမှာ ဒါတွေပါ




နိုင်ငံတနိုင်ငံဆင်းရဲခြင်းရဲ့ထောင်ချောက်ထဲမှာ 
၁။သဘာဝသယံဇာတပေါများခြင်း 
၂။ ပညာမတတ်ခြင်း
၃။ ပြည်တွင်းစစ်ဖြစ်နေခြင်းနဲ့
၎။ အိမ်နီးနားချင်းနိုင်ငံမကောင်းခြင်းဆိုတဲ့ 
အချက်လေးချက်ပါဝင်ကြောင်း စာရေးဆရာမ “ဂျူး” ဟောပြောတာကို
 နားထောင်ဖူးပါတယ်။ 
(အကျယ်ရှင်းလင်းချက်ကိုသိလိုပါက ဆရာမဟောပြောချက်ကို နားထောင်ကြပါကုန်)

ဒီဟောပြောချက်ကိုနားထောင်ပြီးနောက် ရဟန်းတပါးအနေနဲ့နားလည်မိသလိုဆက်လက်စဉ်းစားမိတာက……..
 
သာသနာတော်ညှိုးနွမ်းခြင်းရဲ့ထောင်ချောက်ထဲမှာ
၁။ ဆင်ခြင်တုံတရားအသိပညာကင်းမဲ့စွာအရမ်းယုံမျက်ကန်းယုံ ယုံကြည်တတ်တဲ့ 
“သဒ္ဓါ” ဆိုတဲ့သယံဇာတပေါများခြင်း
၂။ ထေရဝါဒမူရင်းပိဋကတ်စာပေကိုအမှန်တကယ်မတတ်/မသိ/နားမလည်ခြင်း (ပိဋကတ်ပညာမတတ်ခြင်း) 
၃။ ဗုဒ္ဓဘာသာဝင်အချင်းချင်းနှင့်ရဟန်းသံဃာအချင်းချင်းတို့ အမှုအခင်း/ပြဿနာများထူထပ်စွာဖြစ်ပွါးနေခြင်း
၎။ အိမ်နီးနားချင်းဘာသာတရားများမကောင်းခြင်း ဆိုတဲ့အချက်လေးချက်ပါဝင်တယ်လို့ အကြမ်းဖျင်းသုံးသပ်မိပါတယ်။ 

(အကျယ်ရှင်းလင်းချက်ကို သိလိုပါက တရားပွဲများပင့်ဖိတ်ကြပါကုန်…… :) :) :) )

*~*~*~*~*~*~*~*

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***