Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, November 6, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၀ ) ယသော်ဓရာ၏ အေးချမ်းသောအလွမ်း

ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည် ဘဝပေါင်း ကုဋေတစ်ထောင်မက  သဗ္ဗညုတဥာဏ်တော်အကျိုးငှာ သူတစ်ပါး၏သားမယားအဖြစ် တပည့်တော်မကိုလှုခဲ့ပါ၏။ တပည့်တော်မသည် ထိုသို့ဖြစ်ရခြင်းအတွက်အနည်းငယ်မျှ ငြိုငြင်ဖောက်ပြန်ခြင်းမဖြစ်ခဲ့ပါဘုရား။ ထို့ပြင်တပည့်တော်မကိုဘဝပေါင်းကုဋေတစ်ထောင်မက သူတစ်ပါး၏အစားအစားအလို့ငှာလည်းလှုခဲ့ပါ၏။ အရှင်ဘုရားအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည်မှာလည်း ဘဝပေါင်းကုဋေတစ်ထောင်မကပါ။ တပည့်တော်မ၏ ကိုယ်အင်္ဂါ၊ အဆင်တန်ဆာများနှင့် အဝတ်အစားများကိုလည်းမလျှို့ဝှက်ပါ။ အရှင်ဘုရားအကျိုးငှာ လယ်ယာစပါး စီးပွါးဥစ္စာနှင့် မြို့ရွာတို့ကိုလည်းကောင်း၊ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။ အရှင်ဘုရားအကျိုးငှာ စွန့်လွှတ်ခဲ့ရကုန်သော ဆင်မြင်းကျွဲနွား စီးပွါးဥစ္စာနှင့် ကျေးကျွန်မတို့သည်လည်း မရေတွက်နိုင်လောက်အောင်များခဲ့ပါပြီ။ အလှုအတန်းပြုလုပ်ရန်တိုင်ပင်သောအခါတိုင်း  တစ်ကြိမ်တစ်ခါမျှ ဖောက်ပြန်ကန့်ကွက်ခြင်းမပြုခဲ့ဘဲ ကြည်ဖြူစွာပင် သဘောတူခဲ့ပါ၏။ အရှင်ဘုရား၏ အကျိုးကို ဆောင်ရွက်ရင်း ချမ်းသာသည့်အခါ
ကျေနပ်ဝမ်းမြောက်ခဲ့ပါသည်။ သို့သော် ဆင်းရဲမှုကိုကြုံတွေ့ရသောအခါ၌ကား စိတ်မချမ်းမြေ့မှု မဖြစ်ခဲ့ပါ။ ကြုံတွေ့ခဲ့ရသောဘဝ၏ အနိမ့်အမြင့်လောကဓံများကို တစ်သားတည်း တစ်စိတ်တည်း မပြောင်းလဲဘဲ ကျေနပ်ခဲ့ပါ၏။ အရှင်ဘုရားသည် သဗ္ဗညုတဥာဏ်တော် ရရှိရေးကို အလေးပေး၍
လျှောက်လှမ်းခဲ့သူပါတည်း။ ထိုသို့လျှောက်လှမ်းစဉ် အမျိုးမျိုးသော ချမ်းသာ
ဆင်းရဲတို့ကို ရင်ဆိုင်ဖြတ်သန်းပြီးလျှင် အရှင်ဘုရားသည် လောကသုံးပါး၏ အထွဋ်အထိပ် သဗ္ဗညုတဥာဏ်တော်ရှင်အဖြစ်သို့ ယခုအခါ ရောက်တော်မူပါပြီ။  ဗြဟ္မဒေဝမြတ်စွာဘုရားမှ အစပြု၍ ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်တပည့်တော်မတို့ ဆုံစည်းခဲ့ရသောဘဝများ များပြားလှပါပြီ။ ထိုသို့ဆုံစည်းတိုင်း အရှင်ဘုရားအတွက် ဆုတောင်းခဲ့ရခြင်းများလည်း သင်္ချာပြ၍ရနိုင်တော့မည်မထင်ပါ။ အမှန်စင်စစ် တပည့်တော်မသည် ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေသော ရှင်တော်မြတ်ဘုရား၏ အလုပ်အကျွေးမျှသာပါတည်း။ ရှင်တော်မြတ်ဘုရားနှင့် တပည့်တော်မတို့၏ ထင်ရှားသော ဗျာဒိတ်သမိုင်းကြောင်းကို
ပြန်ပြောင်းလျှောက်ထားရပါလျှင် လွန်ခဲ့သော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်ဝယ် ဒီပင်္ကရာဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ပါ၏။ ထိုစဉ် ရမ္မာဝတီပြည်သူပြည်သားများက ဘုရားရှင်နှင့်သံဃာတော်များ ဆွမ်းစားကြွလာဘို့အရေး လမ်းကို သုတ်သင်ပြင်ဆင်ခင်းကျင်းကြ၏။ ထိုအခမ်းအနားဝယ် အရှင်ရသေ့မြတ်လည်း ပါဝင်ခဲ့သလို တပည့်တော်မလည်းပါဝင်ခဲ့ပါ၏။ ထိုစဉ်ကာလဝယ် တပည့်တော်မသည် သုမိတ္တာမည်သောအမျိုးသမီးဖြစ်ခဲ့၍ ရှင်တော်မြတ်ဘုရားသည် သုမေဓာမည်သော ရှင်ရသေ့ဖြစ်ခဲ့ပါ၏။ ဒီပင်္ကရာဘုရားရှင် ကြွလာတော်မူသောကြောင့် ကြာပန်းရှစ်ခိုင်ကို ဘုရားရှင်အားလှုရန် ယူလာသောအခါ ပရိသတ်အလယ်တွင် တင့်တယ်သပ္ပါယ် ခန့်ငြားလှသော ရှင်ရသေ့ကို တပည့်တော်မအထင်အရှား ဖူးတွေ့ခဲ့ရပါပြီ။ ထိုစဉ်အခါ ရှေးရှေးဘဝများစွာက အတူတကွချစ်ခဲ့ ကြင်နာခဲ့ကြရသော ချစ်မေတ္တာစွမ်းကြောင့် ရှင်ရသေ့၏ တင့်တယ်သော ဥပဓိရုပ်ရည်သည် တပည့်တော်မ၏ စိတ်ထားနှင့် နှလုံးသားကို စွဲဆောင်သွားခဲ့ပါပြီ။ ရှင်ရသေ့ကို ဖူးတွေ့ရခြင်းကြောင့်  တပည့်တော်မ၏ ရင်တွင်း၌လည်း ဤဘဝအသက်ရှင်ရခြင်းသည် အကျိုးရှိလေစွဟု ထင်မှတ်အောက်မေ့ခဲ့ပါ၏။ ထို့ပြင် တပည့်တော်မ၏ ကြည်ညိုစိတ်နှင့် ချစ်မေတ္တာစိတ်များသည် ရှင်ရသေ့အပေါ်တွင် တက်ကြွစွာ ယိုဖိတ်ဖြစ်ပေါ်လာကြသောကြောင့် ကြာပန်းငါးခိုင်ကို ရှင်ရသေ့အားလှုပြီးလျှင် ကျန်သုံးခိုင်ကို တပည့်တော်မကိုယ်တိုင်ကိုင်ဆောင်လျှက် ရှင်ရသေ့၏ သမ္မာသမ္ဗောဓိဥာဏ်အတွက် အတူတကွ ဘဝဆက်တိုင်းပေါင်းဆုံပါရစေသား ဟု ခွင့်မတောင်းမိဘဲ ဆုပန်ခဲ့ပါ၏။ ရှင်ရသေ့နှင့်တပည့်တော်မတို့ အတူတကွကြာပန်းတို့ကိုလှုကြသောအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် တပည့်တော်မအတွက် ဤသို့သော ဗျာဒိတ်စကားတို့ကို မိန့်ကြားတော်မူခဲ့ပါ၏။...ဆက်ရန်...

1 comments:

Unknown said...

အခုလို တင်ပေး တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါသည်။

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***