Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, January 10, 2015

လေးစားပါတယ်



 ၁၉ ၆၂ ခုနှစ်ကတည်းက 
ယနေ့အထိအာဏာရှင်စစ်အစိုးရကနည်းမျိုးစုံချိုးနှိမ်ခဲ့သော်လည်း
ကျိုးပဲ့မသွားခဲ့ကြဘဲ ထက်မြက်တောက်ပြောင်လာခဲ့ကြသူများကိုအံ့သြလေးစားမိတယ်။

*~*~*~*~*~*~*~*


ဝေဖန်ပါ သို့သော် ဓမ္မသဘောဆောင်ပါစေ



ဘုရား တရား သံဃာ မိဘ ဆရာ အနန္တောအနန္တငါးပါးကိုဝေဖန်ကောင်းတယ်။
 ဝေဖန်ခွင့်ရှိတယ်။ ဝေဖန်တာဟာ ရှိသင့်ဖြစ်သင့်တဲ့အလုပ်တခုပါ။
 သို့သော် 
အကြောင်းမရှိအကြောင်းရှာ၊ အပြစ်မြင်ပြီးအပြစ်တင်တဲ့သဘောမျိုးနဲ့တော့ 
မဝေဖန်သင့်ဘူး။ မဝေဖန်ကောင်းဘူး။
 နောက်ပြီးတော့ စည်းဝါးလွတ်ဝေဖန်မှု (Blind or unreasonable critique) မျိုးလည်း 
မဖြစ်သင့်ပါဘူး။ အကြောင်းက ဒီလိုဝေဖန်မှုတွေဟာအပျက်သဘော၊ အဖျက်သဘောကိုသာဆောင်နိုင်တာကြောင့်ပါပဲ။

တကယ်တော့ ဝေဖန်သူဟာ 
၁။ ကြမ်းတမ်းရိုင်းပြမောက်မာသူ မဖြစ်လျှင်
၂။ အပြုသဘောကိုသာဆောင်လိုပြီး စိတ်ထားလိမ္မာပြေပြစ်သူဖြစ်လျှင်

၃။ ဟုတ် မဟုတ်၊ အပ် မအပ်၊ ရာ မရာ၊ သင့် မသင့်ကို ကွဲကွဲပြားပြား

သိမြင်နားလည်သူဖြစ်လျှင် (ဌာနာဌာနကောသလ္လဥာဏ်ရှိသူဖြစ်လျှင်)

 ဆိုတဲ့ ဒီ “လျှင် ” သုံးချက်ပြည့်စုံလျှင် သူဟာဝေဖန်နိုင်တယ်။
 ဝေဖန်သင့်တယ်။ ဝေဖန်ခွင့်ရှိသူဖြစ်တယ်။
 ဝေဖန်နိုင်တဲ့အရည်အသွေးပြည့်စုံသူဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်ကဝေဖန်လျှင် အများအတွက်အပြုသဘောအကောင်းသဘောကိုဖေါ်ဆောင်ပေးနိုင်တယ်။ တရားမျှတလွတ်လပ်ခြင်းတွေဖြစ်နိုင်တယ်။


ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတဲ့ဆိုင်းဘုတ်ကိုချိတ်ဆွဲပြီးတော့ 
ကိုယ်နဲ့အကြိုက်ချင်းမတိုက်ဆိုင်တိုင်း အယူဆချင်းမတူတိုင်း 
အလိုမကျတိုင်းစည်းလွတ်ဝါးလွတ် ပရမ်းပတာပြောဆိုတတ်တဲ့အကျင့်ဟာ
 ဝေဖန်ရေးမဟုတ်တော့ဘူး။ မလိုသူကိုထိုးနှက်ပုတ်ခတ်မှုဖြစ်သွားတော့တယ်။ ထေရဝါဒဗုဒ္ဓဓမ္မ၏သင်ကြားချက်မှ ကင်းကွာသွားတော့တယ်။
 အဲဒီလိုကင်းကွာသွားလျှင်
 မလိုချင်တဲ့ ခါးသီးတဲ့ဆိုးကျိုးတွေ တွေ့ကြုံကြရမှာတော့ ဧကန်ပါပဲ။

 *~*~*~*~*~*~*~*

Thursday, January 8, 2015

အနာဂတ်မှာ




နိုင်ငံရေးမှာ သက်ဦးဆံပိုင်အာဏာရှင်အယူအဆတွေပျက်သုဉ်းပြီး
 ပြည်သူသာလျှင်ပဓာနဖြစ်လာသလို
 အနာဂတ်ကာလရဲ့ဘာသာရေးမှာ
 တစ်ဦးတည်းပိုင်ဖြစ်တဲ့အာဏာရှင် ဖန်ဆင်းရှင်ဘာသာရေးဟာကျဆုံးပြီး လူသားတွေကိုယ်တိုင်ကျင့်သုံးပြီးပြဋ္ဌာန်းဆုံးဖြတ်ဖို့အခွင့်အရေးရှိတဲ့ လူသားပဓာနဘာသာတရားဟာကြီးစိုးလာမယ်။

*~*~*~*~*~*~*~*

ပြည်သူ့ပေါ်လစီ (၂၀၁၅)




၁။ ပြည်သူအတွက် စိတ်ထားလဲဖြောင့်မတ်တဲ့သူ
 ၂။ ပြည်သူအတွက် အသိဥာဏ်ပညာအားလဲကြီးမားကျယ်ပြန့်တဲ့သူ
၃။ ပြည်သူအတွက် ဆောင်ရွက်လုပ်ကိုင်ရဲတဲ့သတ္တိလဲရှိတဲ့သူ

၎။ ပြည်သူအတွက် စည်းရုံးရေးအားလဲကောင်းတဲ့သူ
၅။ ပြည်သူအတွက် စွန့်လွှတ်ရဲတဲ့သူ
၆။ ပြည်သူအတွက် လိုအပ်နေတဲ့အပြောင်းအလဲကို စွမ်းဆောင်နိုင်တဲ့သူ…။

*~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***