အတိုက်အခံမလိုလားသူများကလဲ ပိုလို့မနာလိုဝန်တိုမှုတိုးလေလေ
ဖြစ်တာဟာသဘာဝပါ။ လောကလူမှုနယ်ပယ်မှာ ယသော(ဝန်းရံအားပေးမှု)
နဲ့ အယသော(ဆန့်ကျင်ကန့်ကွက်မှု) ဆိုတဲ့လောကဓံ(လောကသဘာဝ) ဟာ
နေရာတိုင်း ခေတ်စနစ်တိုင်း လူတိုင်းမှာရှောင်ပုန်းလို့မရနိုင်တဲ့
လှိုင်းခတ်မှုတွေပါပဲ။ သတိနဲ့ပညာနဲ့ထိန်းချုပ်ပဲ့ကိုင်ပြီး
ဝီရိယတက်နဲ့ကြိုးစားလှော်ခတ်ပါက ဘဝလှေငယ်တစင်းဟာလှိုင်းမမြုတ်
ဝဲမစုပ်ဘဲ ရည်မှန်းချက်ဆိပ်ကမ်းကို တချိန်ချိန်မှာဆိုက်ကပ်နိုင်မှာပါ။
*~*~*~*~*~*~*~*
0 comments:
Post a Comment