Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Wednesday, December 24, 2014

သူရဲကောင်းဆိုတာ



အာဏာရှင်တို့၏ရှုထောင့်အရ 
လူအများကိုသတ်ဖြတ်ညှင်းဆဲ၍အနိုင်ယူနိုင်လျှင် သူရဲကောင်းပါပဲ။
ဗုဒ္ဓဓမ္မရှုထောင့်အရတော့
 လောကကောင်းကျိုးအတွက် စွန့်လွှတ်ရဲတာ၊ စွန့်လွှတ်နိုင်တာဟာ 
သူရဲကောင်းပါပဲ။ 

*~*~*~*~*~*~*~*

Tuesday, December 23, 2014

လူတွေဟာ စက်ရုပ်လား




ကမ္ဘာကြီးကို တန်းခိုးရှင်တဦးကဖန်ဆင်းထားတာဆိုရင် 
ဒီကမ္ဘာကြီးဟာသဘာဝဖြစ်စဉ်ကြီးမဟုတ်ဘူး။ 
Artificial world ပဲဖြစ်ရမယ်။
ဒါဆိုရင် လူသားလဲ Artificial being ပဲပေါ့။ 
ဒီလိုဆိုရင် လူတွေဟာစက်ရုပ်တစ်ခုမျှသာဖြစ်တယ်။
အမှန်စင်စစ် လူတွေဟာစက်ရုပ်မဟုတ်ဘူးဆိုတာသေချာနေတော့ 
တန်ခိုးရှင်တဦးက ဖန်ဆင်းထားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ 
ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်ဆင်းတာပဲဖြစ်ရမယ်။

*~*~*~*~*~*~*~*

Sunday, December 21, 2014

ခေတ်ကုန်ပြီ




လူအများကိုဖိနှိပ်ချုပ်ချယ်ခြင်း၊
ညှင်းဆဲသတ်ဖြတ်ခြင်းဖြင့် 
သူရဲကောင်းဘွဲ့ ခံယူတဲ့ အယူအဆဟာ
 ခေတ်ကုန်သွားပြီ။

 *~*~*~*~*~*~*~*

ဒီလိုပဲပြောလိုက်ချင်တယ်



အမျိုးမျိုးပြုလုပ်၊ အမျိုးမျိုးပြောဆို၊
အမျိုးမျိုးကြံစည်နေကြပြီး 
ဆူပွက်ဗြောင်းဆန်နေတဲ့ သက်ရှိဝန်းကျင်ကို 
လူမှုဝန်းကျင် သို့မဟုတ် 
လူ့အဖွဲ့ အစည်းလို့ခေါ်တယ်။

*~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***