Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, December 7, 2014

ကိလေသာကင်းစင်မှ





ကိလေသာတွေရှိနေသ၍
 ပြုပြင်စရာအမှားများ 
အားနဲချက်များဆက်လက်ရှိနေအုံးမှာပါပဲ။
ကိလေသာတွေကုန်မှ  
အမှားများ အားနဲချက်များ
 ဘေးထွက်ဆိုးကျိုးများကင်းစင်မှာဖြစ်တယ်။

*~*~*~*~*~*~*~*

Thursday, December 4, 2014

လက်တွေ့ ကျအောင် စဉ်းစားပါ



ကောင်းကင်ဘုံမှဘုရားသခင်က ထာဝရမသေတဲ့အသက်ကို
တကယ်ပေးနိုင်တယ်ဆိုရင် နောက်ဘဝရောက်သွားတဲ့အထိ
စောင့်မနေသင့်ဘူး။ ခုဘဝမှာပဲ လက်တွေ့ကျကျ 
ထာဝရအသက်ကိုပေးပြလိုက်စမ်းပါ။

စိတ်ဓာတ်ပုံမှန်ရှိသူမှန်သမျှအားလုံးက မသေချင်ကြလို့ပါ။
ကမ္ဘာ့သမိုင်းမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ 
ထာဝရအသက်ပေးခဲ့တယ်ဆိုတာမရှိခဲ့ဘူး။ လူသားအချင်းချင်းသတ်ဖြတ်စေတဲ့စစ်ပွဲတွေကိုသာဖြစ်စေခဲ့တယ်။ 
ထာဝရတန်ခိုးရှင်က ဘယ်စစ်ပွဲကိုမှ တာဝန်ခံဖြေရှင်းတာလဲမရှိခဲ့ဘူး။ 
အကြောင်းက ထာဝရဖန်ဆင်းရှင်ဘုရားသခင်ဆိုတာ မရှိလို့ပဲ။ 
တကယ်လို့ ရှိခဲ့ရင် ဒီကနေ့လူမှုပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျလာရောက်
 ဖြေရှင်းပေးသင့်တယ်။ သူကဖန်ဆင်းထားတာမှန်ရင် ဒီကနေ့လက်တွေ့ပြဿနာတွေကို တာဝန်မဲ့လက်ပိုက်ကြည့်နေခြင်းဟာ ဘုရားတပါးရဲ့စိတ်ထားနဲ့လုပ်ရပ်မဟုတ်ဘူး။ 
မြတ်ဗုဒ္ဓကတော့ လူမှုပြဿနာတွေကို လက်တွေ့ကျကျ ၄၅ နှစ်ကြာတဲ့အထိ
 ဖြေရှင်းပေးခဲ့တယ်။ လူ့ပြဿနာတွေကို 
လူတွေကိုယ်တိုင်သာ အဓိကအားဖြင့်ဖြေရှင်းကြရမှာဖြစ်တယ်။
 မြတ်ဗုဒ္ဓက သူမရှိတော့တဲ့နောက်ပိုင်းမှာလဲ 
ဓမ္မတွေကိုဖြေရှင်းဖို့နည်းလမ်းအနေနဲ့ 
ထားပေးခဲ့တယ်။ လူ့စွမ်းအားနဲ့ဓမ္မစွမ်းအားကိုအားမကိုးဘဲ 
မရှိတဲ့တန်ခိုးရှင်ကိုမှန်းဆပြီးဆုတောင်းရုံမျှ သက်သက်ဟာ 
လူသားရဲ့ကိုယ်ပိုင်စွမ်းအားတွေကို
 ဖြုန်းးတီးနေခြင်းသာဖြစ်တယ်။ တကယ်တော့ လူတွေကိုယ်တိုင်သာ 
လူ့သမိုင်းကိုရေးခဲ့ကြတာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ဖန်ဆင်းရှင်ဗဟိုပြုဝါဒကိုငြင်းပယ်ပြီး လူသားဗဟိုပြုဝါဒကိုသာသင်ကြားပေးခဲ့တယ်။


*~*~*~*~*~*~*~*



Wednesday, December 3, 2014

ကံ ဥာဏ် ဝီရိယစွမ်း



ကံ ဥာဏ် ဝီရိယတို့ရဲ့သုံးပွင့်ဆိုင်အစွမ်းဟာ 
ဟန်ချက်ညီညီနဲ့အမြင့်ဆုံးအဆင့်ထိထက်မြက်
မြင့်မားလာပီဆိုရင် ကမ္ဘာတို့ သမုဒ္ဒရာတို့ဆိုတာ
 သေးငယ်တဲ့အရာလေးတွေဖြစ်သွားတော့တာပါပဲ။ 
“တောင်ကြီးဖဝါးအောက်” ဆိုတာထက် 
“ကမ္ဘာကြီး ဖဝါးအောက်” 
ဆိုတဲ့အဆင့်ထိဖြစ်သွားတော့တယ်။

*~*~*~*~*~*~*~*

Tuesday, December 2, 2014

ဒွန္ဒ



လောကကြီးဟာ ဒွန္ဒသဘောတရားနဲ့ခရီးဆက်နေတယ်။ 
အဖိုနဲ့အမ အဆိုးနဲ့အကောင်း ချမ်းသာနဲ့ဆင်းရဲ ပညာရှိနဲ့ပညာမဲ့ 
ရုပ်ဆိုးနဲ့ရုပ်ချော အဖြူနဲ့အမဲ အနိမ့်နဲ့အမြင့် အဆင်းနဲ့အတက်
 ကောက်ကျစ်မှုနဲ့ဖြောင့်မတ်မှု အမှားနဲ့အမှန် အောင်မြင်မှုနဲ့ဆုံးရှုံးမှု 
ညီညွတ်မှုနဲ့ကွဲပြားမှု အေးချမ်းမှုနဲ့ပူလောင်မှုစတဲ့
ဆန့်ကျင်ဘက်ဒွန္ဒသဘောတရားတို့ဟာ
ခေတ်တိုင်းမှာအစဉ်အမြဲတွဲလျှက်ရှိနေမှာပါ။

*~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***