Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Wednesday, November 12, 2014

မြတ်ဗုဒ္ဓချီးမွမ်းသောအောင်မြင်မူ့ 



 လောကအမြင်အရတော့ ထင်ပေါ်ကျော်ကြားခြင်း၊ စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ရှိန်ရှိခြင်း၊ တက်ခြင်း အခြံအရံပေါများခြင်းစတာတွေဟာ အောင်မြင်ခြင်းတွေပါပဲ။ ဒီအမြင်ကို ဗုဒ္ဓက မကန့်ကွက်ပါဘူး။ သို့သော် အချိန်မရွေးဆုံးရှုံးပျက်ဆီးသွားနိုင်ပြီး ထာဝရအာမခံချက်မရှိတဲ့အပေါ်ယံအောင်မြင်မှုသာဖြစ်လို့ မြတ်ဗုဒ္ဓကမချီးမွမ်းပါဘူး။
မြတ်ဗုဒ္ဓအလိုအရ လော ဒေါ မောစတဲ့ ကိလေသာမှန်သမျှကို အမြစ်ပြတ်သုတ်သင်နိုင်ပြီး လွတ်မြောက်မှုအရသာကိုဥာဏ်နဲ့သိမြင်ခံစားနိုင်မှ စစ်မှန်သောအောင်မြင်မှုလို့သတ်မှတ်ပါတယ်။ ဘယ်တော့မှမဆုံးရှုံးမပျက်ဆီးနိုင်တော့ဘဲ အမြဲထာဝရအာမခံချက်ရှိတဲ့အောင်မြင်မှုဖြစ်လို့ မြတ်ဗုဒ္ဓချီးမွမ်းတော်မူပါတယ်။ 

*~*~*~*~*~*~*~*

စည်းကမ်း




  ဒီမိုကရေစီရေးအတွက် ကျင့်ဝတ်နဲ့စည်းကမ်းတွေကို 
လိုက်နာထိန်းသိမ်းဖို့လိုသလို လောကုတ္တရာရေးဖြစ်တဲ့ 
သံသရာမှလွတ်မြောက်မှုအတွက်လဲ 
သက်ဆိုင်ရာ ကျင့်ဝတ်နဲ့စည်းကမ်းနည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။

*~*~*~*~*~*~*~*

အသိဥာဏ်




အသိဥာဏ်ပညာဖြင့် အမှန်ကိုမြတ်နိုးတတ်ပါမှ အမှားကိုရှောင်နိုင်မည်။ 
အသိဥာဏ်ပညာမရှိချေက အမှန်ကိုမြတ်နိုးသော်လည်း 
မခွဲခြားနိုင်မှုကြောင့် အမှားကိုသာ စွဲလမ်းချစ်ခင်နေမိတတ်သည်။
 မခွဲခြားနိုင်မှုကြောင့် မသိမိုက်မဲစွာ အမှားကိုတွယ်တာနေခြင်းသည် 
မိမိသူတပါး နှစ်ဦးသားလုံးအတွက် ဒုက္ခကိုဖန်ဆင်းနေခြင်းပင်ဖြစ်သည်။ အသိဥာဏ်ပညာနှင့်ယှဉ်သောအမှန်တရားသည်သာ ကောင်းမှုအင်အားပြည့်ဝ၍ မိမိသူတပါးနှစ်ဦးသားလုံးအတွက် ချမ်းသာသုခကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။


*~*~*~*~*~*~*

Monday, November 10, 2014

ပရိယတ္တိဆိုတာ




 ပရိယတ္တိဆိုတာ ပိဋကတ်စာပေတွေ သင်ယူတာ ပို့ချတာတွေကိုသာ ဆိုလိုတာမဟုတ်ဘူး၊
 ကောင်းမြတ်တဲ့ အတတ်ပညာ အသိပညာတွေ ပို့ချတာ သင်ယူတာမှန်သမျှဟာ ပရိယတ္တိပဲ။ အသိအမြင်တွေ အကျင့်အကြံတွေလွဲနေတာကို လမ်းကြောင်းတဲ့ပေးတာ ညွှန်ပြပေးတာဟာလဲ 
 ပရိယတ္တိပါပဲ။

 *~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***